မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု တစ်ပိုင်တစ်နိုင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု တစ်ပိုင်တစ်နိုင်အခြေခံငါးမွေးမြူရေးပညာပေးသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာများနှင့် အမျိုးသမီးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအားဆွေးနွေး

လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဝတ်ပြုဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ရှင်းလင်းပြောကြားခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ချောင်းဖျားရေကျသည့်အတွက် အနိမ့်ပိုင်းအိမ်များရေဝင်ရောက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ချောင်းဝတံတားရေကျော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ် ၂၂ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩဂုတ် ၂၃ ရက်၌ မိုးအားလျော့နည်းသွားသော်လည်း ချောင်းဖျား၌ရွာသောမိုးကြောင့် ယနေ့နံနက်ပိုင်းတွင် ဇမိမြစ်ရေတက်ကာ ရပ်ကွက် (၆) ရှိအနိမ့်ပိုင်းနေအိမ်များရေဝင်ရောက်၍ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ချောင်းဝတံတားရေကျော်လျက် ရှိပါသည်။

ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူများကို မိမိတို့​နေထိုင်ရာ ရပ်ကွက်​ကျေးရွာများသို့ ပြန်လည်​ပို့​ဆောင်​ရေး​ဆောင်ရွက်​ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ​နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ည​နေ (၄) နာရီချိန်က မြဝတီမြို့ စောင့်ကြည့်ရေးစခန်းမှတစ်ဆင့်​ နေရပ်ပြန်ပြည်သူ (၁၉) ဦး ထပ်မံရောက်ရှိခဲ့​ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့မည့် ငါး‌သားပေါက်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် ခရမ်းမြို့နယ် တင်ဒါ အောင်မြင်ခဲ့သည့် ငါးသား ဖောက်စခန်းများသို့ ယနေ့ နံနက် ၈ နာရီက ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငါးသားဖောက်ကန်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်း ရေကျော်မှုများဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းပေါ်ရှိ လမ်းရေကျော်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များက အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များကို ဗီတာမင်-အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို

လိပ်သိုမြို့တွင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုလျော့ချရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ကက်သလစ်ဓမ္မာရုံ၌ PAUNG. SIE. FACILITY ၏ ပံ့ပိုးမှု၊ သံတောင်ကြီးအမျိုးသမီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုလျေ့ချရေးသင်တန်းကို သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Subscribe to