ပြင်ဦးလွင်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာအနက် မဲတောကျေးရွာနှင့် ပင်လိန်အရှေ့ကျေးရွာတို့သို့သွားရောက်၍ စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာတွင်းလမ်း ဗြုံးကျောက်ခင်းခြင်း၊ လမ်းဘေးရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြား၊ ၈၆ လမ်းရှိ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထများအား စစ်တမ်းကောက်ယူ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထ များအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စစ်တမ်းကောက်ယူခဲ့သည်။

ပိုင်ကျုံမြို့တွင် တောင်သူများအတွက် ပထမအကြိမ်ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းတွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာများနှင့် စပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများစိုက်ပျိုးရေးထိခိုက်မှု မရှိစေရေးအတွက် ပထမအကြိမ် ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး (တိုင်းအုပ်ချုပ်ရေးမှူး) ဦးဝေဇင်ထွန်းက ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက

မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်းကို မြို့နယ်ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့၌ နှာ​ခေါင်းစည်း တပ်ဆင်သွားလာ​ရေးလှုပ်ရှားမှု ​အရှိန်အဟုန်မြှင့်​ဆောင်ရွက်

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်၌ ကိုဗစ်- ၁၉ ​ရောဂါကြိုတင် ကာကွယ်​ထိန်းချုပ်​နိုင်ရန် အတွက် နှာ​ခေါင်းစည်းတပ်ဆင်သွားလာ​ရေးလှုပ်ရှား​ဆောင်ရွက်မှုနှင့် maskများ အခမဲ့ဖြန့်​​ဝေ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီက ကျိုက်မ​ရော မြို့အဝင်ဂိတ်၌ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

အ-ထ-က လွယ်ဂျယ်၌ ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး ဟောပြော

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် လွယ်ဂျယ် ကျေးလက်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး ဟောပြောသည်။

မိုင်းယန်းမြို့၌ သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က မိုင်းလွေကျေးရွာအုပ်စု လောင်ကျန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to