ကွတ်ခိုင် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း(IDPs)မှ တိုက်ပွဲပြည်သူများ အတွက် တစ်ကိုယ်ရည်သုံးအထောက်အကူပြု ပစ္စည်းများနှင့် ထုံးအိတ်များကို ကွတ်ခိုင်မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ပေးအပ် ထောက်ပံ့သည်။
ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် ကွတ်ခိုင်မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ခေတ္တတာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်းနှင့် ဝန်ထမ်းများက ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း (IDPs)မှ အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ (၆၃၆)ဦးအတွက် တစ်ဦးလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အသုံးပြုရန် Paris ဆပ်ပြာခဲ (၂)ခဲနှင့် စခန်းအတွင်း အသုံးပြုရန် ထုံးအိတ် (၁၀)အိတ် သွားရောက်ထောက်ပံ့ပေးအပ်ရာ IDPs စခန်းတာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)