သနပ်ပင် ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးနှင့် ဝန်ထမ်းများသည် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀နာ ရီအချိန်က ကမာစဲ(စံပြ) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် မဲပေးနိုင်ခွင့်ရှိသူများ အခက်အခဲမဖြစ်ပေါ်စေရေး အတွက် နိုင်ငံရေးစိစစ်ရေး ကတ်ပြားရရှိရေးအတွက် ကျေးရွာအလိုက် ကွင်းဆင်း ကာ ပြုလုပ်ပေးခြင်း ဖြစ်ပြီး ကမာစဲ(စံပြ)ကျေးရွာအတွင်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ (၁၅၀) ဦးအား နိုင်ငံသားကတ်ပြားရရှိရေးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သနပ်ပင်မြို့နယ်အတွင်း ကျေးရွာပေါင်း (၃၀)ရွာအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသား ကတ်ပြားမရှိသူ စုစုပေါင်း (၂၃၁၈)ဦးအား အသစ်ပြုလုပ် ပေး ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာ/ ရပ်ကွက်များရှိ ပြည်သူများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)