ကျိုက်ဒုံမြို့တွင်လူကုန်ကူးမှုအန္တရာယ် အသိပညာပေးမြေစိုက်နံရံကပ်ပြဘုတ်များ ပြသ

ကျိုက်ဒုံ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်၊

အဆိုပါ ပြသဆောင်ရွက်ရာတွင်ပြည်သူများ အလွယ်တကူသိရှိလေ့လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး မြေစိုက်နံရံကပ်ပြဘုတ်များတွင် လူကုန်ကူးမှုမခံရစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်စို့၊ လူကုန်ကူးမှု တိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့၊ လူကုန်ကူးမှုနှင့်ပတ်သပ်၍ အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ ပိုစတာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်လူကုန်ကူးမှုဖြစ်ပွား​စေနိုင်သည့်သိကောင်းစရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်