ပြည်ခရိုင်အဆင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပြည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမ၌  ယနေ့ ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လင်းအောင်ပြည့်က  ၂၀၁၂ခုနှစ်ကစတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေဖို့၊ ကမ္ဘာနှင့်အဝန်း အမျိုးအစားစုံလင်တဲ့ သစ်တောဂေဟစနစ်များရဲ့ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ဖို့နဲ့  သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမြှင့်တင်‌ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ်မတ်လ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများ‌နေ့အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊  ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို “သစ်တောများနှင့် စီးပွားရေး(Forests and Economics)” ဆိုတဲ့ ဆောင်ပုဒ်နှင့် ဒီနေ့မှာကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက်တက်ရောက်လာကြသူများအား ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗွီဒီယိုကလစ်ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)