ဖားဆောင်းမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဖားဆောင်း      စက်တင်ဘာ     ၅

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊လုပ်ငန်းခွင်များတွင် COVID-19  ​ရောဂါ၊ကာကွယ်ထိန်းချုပ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်​ဆေးကြီးကြပ်​ရေးအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်​ဆေးကြီးကြပ်​ရေးအဖွဲ့ခေါင်း​ဆောင် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမောင်​မောင်ဝင်း၊ အဖွဲ့ဝင် အလုပ်ရုံနှင့်အလုပ်သမားဥပ​ဒေစစ်​ဆေး​ရေး ဦးစီးဌာန(ကယားပြည်နယ်ရုံး)မှ  လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ဝင်းလဲ့လဲ့ရီ၊ အဖွဲ့ဝင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ်နှင့် အဖွဲ့ဝင်များသည် ဖားဆောင်းမြို့နယ်အတွင်းရှိ ဖားဆောင်းရေသန့်စက်ရုံ(၁)ရုံ၊ ပါပုကျေးရွာရှိ မာစတာ ရေသန့်စက်ရုံ (၁)ရုံ  တို့ကိုသွားရောက်၍ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများအတွက် လက်ဆေးဘေစင်များ ထားရှိခြင်းရှိ/မရှိ၊ နှာခေါင်းစည်းMask များနှင့် လက်အိတ်များ ထားရှိခြင်းရှိ/မရှိ ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာတွင် ဆောင်ရွက်ခြင်းရှိ/မရှိ၊ (COVID-19)ရောဂါ လက္ခဏာများဖြစ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အခြားကျန်းမာရေးချို့ယွင်းမှုများ ခံစားနေရသည့် အလုပ်သမားများရှိပါက လုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲ ကျန်းမာရေးဌာနသို့ သွားရောက်ဆေးကုသမှုခံယူစေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုကြောင်းပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)