တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်‌ကမ်းစာဆောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀နာရီတွင် လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် လူစည်ကားသည့်နေရာများသို့ Mask တပ်ဆင်သွားလာမှုရှိစေရေး ဌာနဆိုင်ရာများပူးပေါင်းကွင်းဆင်းစစ်ဆေး

သထုံခရိုင် ပေါင်မြို့နယ်တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများ အသိပညာပေးခြင်း နှင့် ဒဏ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခန့်က မြို့မဈေးနှင့် လူအသွား အလာများသည့်နေရာများသို့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ RCC နှစ်ထပ် ကျောင်းဆောင်သစ် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေး ဝန်ကြီဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ ဒသမ ၈၀သန်းဖြင့် Pretty Home Co.Ld မှ တာဝန်ယူတည်ဆောက်သည့် ပေ(၁၇၀x၃၀) RCC(၂)ထပ် ကျောင်း ဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်၊ ကုန်းစုံတိုက်ပွဲရှောင်စခန်းအတွင်း သောက်သုံးရေအဆင်ပြေစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးရှိ ကုန်းစုံတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူများ သောက်သုံးရေအလုံအလောက်ရရှိရေး ကွတ်ခိုင်မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်တွင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘ၀ လုံခြုံမှုဘေးကင်းစေရေးနှင့် လူနေမှုအဆင့်အတန်းအမျိုးသမီးများ၏အခွင့်အရေးနှင့် ပတ်သက် ၍ ဆုံးရှုံးမှု မရှိစေရေးအတွက်ယနေ့နံနက် (၁၀)နာရီခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေးခန်းမတွင် အမျိုးသမီးကော်မတီအဖွဲ့ဝင်နှင့်နွေးထွေးသော ရင်ခွင်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပေးလှုံ့ဆော်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြိုတင် ကာကွယ်ရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးလမ်းညွှန်ချက်များကို သိရှိလိုက်နာရန် အတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဟိုပန်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှု ဝန်ထမ်း ဦးစီးဌာန တို့ပူးပေါင်း၍ ဟိုပန်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လိုက်လံအသိပေး နှိုးဆော်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။

အင်္ဂပူ၌ ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေး လုပ်ငန်းများပြန်လည် ဦမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ယခုဝယ် ယခုတပ်စနစ် ဆက်လက် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအားလုံး Mask တပ်ဆင်ခြင်း မရှိပါက ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် နိုင်ရေးအတွက် အသိပညာ ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မတူပီမြို့ ရှစ်လမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Subscribe to