ရှင်ဗွေယန်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့မှ စတင်၍ နံနက်(၉)နာရီတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်အား လှည့်လည်ကြေညာ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင် စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်နှင့် ထမင်းဆိုင်များအား  ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ

မိုင်းခတ်မြို့ဝင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း နေ့စဉ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့ဝင်စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့မှ စတင်၍ စစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။

မင်းတပ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ ကိုဗစ်အတည်ပြုလူနာ Case – 1155 တည်းခိုခဲ့သည့် ဟိုတယ်ဟူးကောင်းအား အဝင်အထွက်ကန့်သက်၍ Lock Down ပြုလုပ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်-၁၁၅၅ တည်းခိုခဲ့သော ဟိုတယ်ဟူးကောင်း အား စက်တင်ဘာ (၆)ရက်မှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့တွင် Maskများ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး လူစည်ကားသည့်စျေးများ လမ်းဆုံလမ်းခွများနှင့် မြို့အဝင်နေရာများတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်စိုးလွင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းမျာက ကျောက်ဆည်မြို့လယ် မီးပွိုင့် ရန်ကုန်-မန္တလေးကားလမ်းတွင်လည်း နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးခြင်းများ ပြုလုပ်ခဲ့ကြေင်း သိရှိရသည်။

ဘိုကလေးမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဘိုကလေးမြို့ပေါ်ရပ်ကွက်(၁၀)ခုရှိ မသန်စွမ်းသူ(၁၅၆)ဦးအား ယနေ့ နံနက်(၉)နာရီ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် လိုက်လံထောက်ပံ့ ပေးအပ် ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to