ကွတ်ခိုင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးရှိ ကုန်းစုံတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် ပြည်သူများ သောက်သုံးရေအလုံအလောက်ရရှိရေး ကွတ်ခိုင်မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူ များ က ယမန်နေ့ နံနက်ပိုင်း က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။
“ကုန်းစုံတိုက်ပွဲရှောင်စခန်းက တိုက်ပွဲရှောင်ပြည်သူတွေအနေနဲ့ လက်ရှိမိုးရာသီကာလအတွင်းမှာ တောင်ကျရေကို အသုံးပြုတာ အဆင်ပြေမယ့် လာမယ့်ပွင့်လင်းရာသီတွေမှာ ရေခန်းခြောက်တာ ရှိတဲ့အတွက်ကြောင့် သောက်သုံးရေ အတွက် အခက်အခဲရှိနိုင်တယ်၊ ဒါကြောင့် စခန်းတာဝန်ခံက အဝီစိရေတွင်းရှိရင်အဆင်ပြေတယ်ဆိုပြီး တင်ပြလာတော့ ကျွန်တော်တို့က အဝီစိရေတွင်းတူးဖို့ သွားရောက်ကွင်းဆင်း စစ်ဆေးတာဖြစ်တယ်" ဟု ကွတ်ခိုင်မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ခေတ္တတာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်း က ပြောသည်။
အဆိုပါ ကုန်းစုံတိုက်ပွဲရှောင်စခန်းသည် တိုက်ပွဲရှောင်ပြည်သူ (၃၉၃)ဦးရှိပြီး ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာ အုပ်စုနှင့် မန်းပူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၇)ရွာမှ တိုက်ပွဲရှောင်ပြည်သူများဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)