တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

တနိုင်း  စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းနှင့် လက်‌ကမ်းစာဆောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀နာရီတွင် လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို  တနိုင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွှန့်နှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ဦးသန်းမြတ်စိုးနှင့် ရပ်ကွက်မှရာ အိမ်မှူး၊ ဆယ်အိမ်မှူးများက ပုန်ခုန်းရပ်ကွက် လီဒိုလမ်းမကြီးနှင့် မိုင်းခွန်လမ်း ဆုံနေရာများ၊ ကင်ဆားရာရပ်ကွက် လီဒိုလမ်းမကြီးနှင့် ကားကြီးကွင်းသွားလမ်းဆုံများတွင် မော်တော်ယာဉ် (၃)စီး၊ မော်တော် ဆိုင်ကယ်(၁၁၆)စီး၊ ကျား(၁၀၅)ဦး၊ မ(၄၉)ဦး စုစုပေါင်း(၁၅၄)ဦးတို့အား  ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ(၃၀၀) ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)