မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

မတူပီ   စက်တင်ဘာ   ၇

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မတူပီမြို့ ရှစ်လမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ CYO အဖွဲ့၊ MCDOအဖွဲ့၊Joseph Oxygen ပရဟိတအသင်း၊ မရာလူငယ်အသင်းနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် အသိပေးခြင်းနှင့်  ကိုဗစ်−၁၉ ရောဂါ  မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)