ဖား​ဆောင်းမြို့ နန်းကစ်​ကျေးရွာ၌ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းဖွင့်

စိုက်ပျိုး​ရေး​၊ မွေးမြူ​ရေးနှင့်ဆည်​မြောင်း​ဝန်ကြီးဌာန၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ဖား​ဆောင်း မြို့နယ်ရုံးမှ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းကို ယမန်​​နေ့က နန်းကစ်​ကျေးရွာ ခန်းမ​ဆောင်၌ ဖွင့်လှစ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သော အမိန့်အမှတ် (၃၀/၂၀၂၀)အား ပြည်သူများသိရှိလိုက်နာစေ‌ရေးအတွက် မြို့နယ်အတွင်း လှည့်လည်ကြေညာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သော အမိန့်အမှတ် (၃၀/၂၀၂၀)အား ပြည်သူများသိရှိလိုက်နာစေရေးအတွက် ယမန်နေ့ ညနေ ၅နာရီခွဲခန့်ကစတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။

တွံတေးမြို့နယ်တွင် မြစိမ်းရောင် ပဉ္စမစက်ဝန်း အိမ်တိုင်ရာရောက် ငွေထုတ်ပေးခြင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဒွန်းကျေးရွာအုပ်စု အဒွန်းကျေးရွာတွင် မြစိမ်းရောင် ချေးငွေပဉ္စမစက်ဝန်းအဖြစ် ယမန်နေ့ နေလယ် ၂ နာရီက အဆိုပါကျေးရွာ၌ မြစိမ်းရောင် ကော်မတီမှ ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်စေရန်နှင့် ရောဂါကူးစက်မှုမဖြစ်စေရန် အိမ်တိုင်ရာရောက် လိုက်လံချေးငွေများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လမ်းဆုံလမ်းခွနေရာတွင် Mask Box တပ်ဆင်ပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်လျှပ်စစ်ရုံး (AE) ဦးရဲဝင်းက ဦးဆောင်၍ လျှပ်စစ်ရုံးဝန်ထမ်းများတို့က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ယနေ့နံနက် (၁၀)နာရီခန့်က မြို့အဝင် လမ်းဆုံလမ်းခွ နေရာများတွင် Mask Box များကိုတပ်ဆင်ပေးထားပြီး လိုအပ်သော ပြည်သူများအသုံးပြုနိုင်ရန် ကုသိုလ်ပြုလှူဒါန်းမှုအစီအစဉ်လေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ခဲ့ပြီးသော အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက်၊ မဲစာရင်းတွင် ပါဝင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အဆိုပါဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို မြို့နယ်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ

ရန်ကင်း မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး မှတ်ပုံတင်မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက် မှတ်ပုံတင် မရှိသေး သူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်း မြို့နယ် အမှတ် (၈) ရပ်ကွက် ၊ နှင်းဆီလမ်း သာသနာ့ဂုဏ်ဆောင်ဓမ္မာရုံ တွင်  ကွင်းဆင်း ဆောင် ရွက်ပေးခဲ့ ကြောင်း သိရသည်။

ညောင်ဦးမြို့ အဝင်အထွက်စစ်ဆေး‌ရေးဂိတ်များတွင် အလိုအလျောက်အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် Ther–mo Screen အလိုအလျောက်အပူချိန်တိုင်း စက်တပ်ဆင် စစ်ဆေးခြင်းများအား စက်တင်ဘာ ၅ ရက်နေ့မှ စတင်တပ်ဆင်ကာ ညောင်ဦးမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများ

ဟုမ္မလင်းမြို့နယ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ( DAR ) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက် သည့် ရေမြုပ်ခံစပါးမျိုးစမ်းသပ်ကွက် ကွင်းဆင်းစိုက်ပျိုး

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ( DAR )နှင့် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ( DOA ) တို့ ပူးပေါင်းဆောင်ရွက်သည့် ရေမြုပ်ခံ စပါးမျိုးစမ်းသပ်ကွက်ကို ယမန်နေ့ နံနက် ၈ နာရီတွင် ဟုမ္မလင်းမြို့နယ် ၊ နားနုံး-ပါမလုံကွင်း၌ ကွင်းတာဝန်ခံ လက် ထောက် ဦးစီးမှူး ဦးယောထန်နှင့် ဒုလက်ထောက် ဦးစီးမှူးများ ၊ စိုက်ပျိုးရေး ဦးစီး ဌာနဝန်ထမ်းများက ကွင်းဆင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့တွင် Mask တပ်ဆင်၍သွားလာခြင်းမရှိသည့်ပြည်သူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် Mask တပ်ဆင်၍ သွားလာခြင်းမရှိသည့် ပြည်သူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၂)ရပ်ကွက် ဆုံကုန်းလမ်းဆုံ မီးပွိုင့်အနီး၌ ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to