အင်္ဂပူ၌ ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ထောက်ပံ့ပေးအပ်

အင်္ဂပူ  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေး လုပ်ငန်းများပြန်လည် ဦမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ငါးသားပေါက်များအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်နှင့် တာဝန်ရှိသူများမှ အင်္ဂပူမြို့နယ်အတွင်းရှိ ငါး‌မွေးတောင်သူ(၁၉)ဦး၏ ငါးမွေးကန်(၇၅.၈၁၆)ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ ၂၀၀၀ နှုန်းဖြင့် စုစုပေါင်းငါးမြစ်ချင်းသား ပေါက်ကောင်ရေ (၁၅၁၆၃၂) ကောင်ကို ထောက်ပံပေးအပ်ရာ ဒေသခံငါးမွေးတောင်သူများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင် ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ‌ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊‌ ဒေသခံ ငါးမွေးတောင်သူများ တက်ရောက်ခဲ့‌ကြောင်းနှင့် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီစဉ်(CERP)အရ ငါးမွေးတောင်သူများအား ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြုရေးလုပ်ငန်းများ ရပ်တန့် သွားခြင်းမရှိစေရန်၊ သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်လာ စေရန်၊ ငါးရိက္ခာ ဖူလုံမှုရှိလာစေရန် ရည်ရွယ်၍ ယခုလို‌ ပေးအပ်ထောက်ပံ့ ရခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးမှသိရသည်။

မန်းကျော်(ပြန်/ဆက်)