ဘုရားသုံးဆူ၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ဘုရားသုံးဆူမြို့တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်၌ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၃ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးလမ်းဘေးရှိ ဇီးပင်နှင့် မြို့ဝင်ဆိုင်းဘုတ်အနီးရှိ ကျွန်းပင်ကြီးမှာ ပြိုလဲပြီး လမ်းမပေါ်သို့ကျရောက်လျက် ရှိပါသည်။
အဆိုပါ လမ်းပိတ်နေသောသစ်ပင်များအား မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၏ကြီးကြပ်မှုဖြင့် ဘုရားသုံးဆူမြို့ မီးသတ်တပ်ဖွဲ့များရဲတပ်ဖွဲ့ဝင်များ၊ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြင့် အချိန်နှင့်တပြေးညီရှင်းလင်းဆောင်ရွက်ခဲ့ပြီးနောက် လမ်းဘေးဝဲယာရှိ အန္တရယ်ရှိနိုင်သော သစ်ကိုင်များ သစ်ပင်များအားထပ်မံရှင်းလင်းခုတ်ထွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်ဆက်)