မိုင်းဖြတ်၌ ကျေးရွာနေ မိဘပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်၉နာရီခန့်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကောင်းမှု ကျေးရွာနှင့်ဘိုရှီးကျေးရွာနေ မိဘပြည်သူ များ အား ကိုဗစ်-၁၉ ရောဂါ ကြိုင်ကာကွယ်ရေး အသိပညာ ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် လမိုင်းမြို့ရှိအသက်(၈၅) နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊မြို့မ(၃)ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ပိုင်းက အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာလ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး (Home Gardener) စိုက်ပျိုးခြင်းဖြင့် တဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည့် ငွေနှင်းမှိုစိုက်ပျိုး

မှိုသည် မြန်မာတစ်နိုင်ငံလုံး စားသုံးသည့် အစားအစာတစ်မျိုးဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် ဝင်ငွေ ရရှိစေနိုင်သော စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရသည် အချိန်ကာလတွင် (Home Gardener) စိုက်ပျိုးခြင်းဖြင့် ငွေနှင်းမှို စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် တဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်းနှင့် ဘားအံမြို့ စိုက်ပျိုးရေး သိပ္ပံ (ဇွဲကပင်) တွင်လည်း ဝန်ထမ်းမိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်ချိုထံမှ သိရသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထောက်ပံ့သော တိရစ္ဆာန်သုံး ဆေးဝါးများဖြင့် ကုသခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကဇွန်းအင်း ကျေးရွာတွင် တောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သောကုသမှု လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် စတုတ္ထသုံးလပတ် အဖြစ်အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၁)အတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့၊ သရက်ချဉ်ကျေးရွာရှိ ဆင်းသုခ မိုးစပါးစံပြစိုက်ကွက်တွင် သိပ္ပံနည်းကျ စိုက်ပျိုးခြင်း ဖြင့် အထွက်နှုန်းကောင်းမွန်စေရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့၊ သရက်ချဉ်ကျေးရွာရှိစံပြစိုက်ကွက်တွင် တိုင်းဒေသကြီး၏ အစီအစဉ်ဖြင့် ဆောင်ရွက်သောဆင်းသုခစံပြစိုက်ကွင်း အမှတ်(၅၁)ဦးပိုင်အမှတ် (၇၂)ဦးညဏ်ဝင်း၏ လယ်ယာမြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော လယ်ယာမြေ(၁၀)ဧကတွင် ကျောက်ထုမြို့ စိုက်ပျိုးရေး ဦးစီးဌာန၏နည်းပညာပံ့ပိုးမှုဖြင့် အထွက်နှန်းကောင်းစံပြကွက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ် ရွှေလောင်းတံတားပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ရွှေလောင်း တံတား ဟောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်‌နေ့မှာ ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းအပြည့်နီးပါး ဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဥ်များအား ယနေ့ နံနက် ၆ နာရီမှစတင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် ချောင်းခွကျေးရွာ၌ Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

COVID-19 စီးပွားရေးကုစားမှုအခြေအနေအရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ ချောင်းခွကျေးရွာ၌ စက်တင်ဘာ ၈ ရက်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Subscribe to