တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ” ပညာအလင်း”စာကြည့်တိုက် ရေရှည်ရှင်သန်ရေး၊ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်သီသီခိုင်နှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သန်းဖြူလွင်တို့က စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်သိရှိနိုင်ရန်အတွက် ယမန်နေ့ကတကူကျေးရွာအုပ်စု- တကူသံတိုက်ရွာ ပညာအလင်း စာကြည့်တိုက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

လွယ်ဂျယ်မြို့ဈေးအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Mask များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူချိန်တိုင်းခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွယ်ဂျယ်မြို့ ဈေး၌ စည်ပင်ဝန်ထမ်းများက ဈေးရောင်းချသူနှင့် ဈေးဝယ်သူများ Mask တပ်ဆင်ခြင်းရှိ/မရှိ နှင့် အပူချိန်တိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည် ကြေညာပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ညစဉ်လှည့်လည်၍ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက   ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဇလွန်မြို့နယ်တွင် ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးသစ်တွင်ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှုရှိစေရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

တီးတိန်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် GAP/GAHP သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာ Alinn Education Center ၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)Good Agricurture Practices၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP)Good Animal Husbandry Practices သင်တန်းကို ယမန်နေ့တွင်ဖွင့်လှစ်ကြောင်းသိရသည်။

မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို Online မှ တဆင့် စက်တင်ဘာ ၂၆ ရက် မှ စတင်၍ အခမဲ့သင်ကြားပေးသွားမည်

မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို စက်တင်ဘာ ၂၆ ရက် မှ စတင်ကာ Online မှ တဆင့် ZOOM App အသုံးပြု၍ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI)မှ သိရသည်။

ရွှေစင်တိပိဋကဓရ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရနှင့် အလှူရှင်များက မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ကျပ်သိန်း (၁၀၀) လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ရွှေစင်တိပိဋဓရေ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရနှင့် အလှူရှင်များက ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေ သည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများ စာအုပ်စာစောင်များအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ မော်တော်ယာဉ်လိုင်းများမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့မဈေးကြီးရှေ့ နာရီစင်အနီးနှင့် လမ်းဆုံ နေရာများတွင် နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြုနိုင်စေရန်အတွက် အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့နံနက်က ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က  လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to