ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ဒေးဒရဲတံတားရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ စစ်ဆေးရေးဂိတ်အား သြဂုတ် ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။