နမ့်ဆန်မြိုနယ် ဇယန်းကြီးကျေးလက်ကျန်းမာရေးဌာန၌ ကလေးများအား ဝိတ်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆးခြင်း ပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီး ကျေးလက် ကျန်းမာရေးဌာန၌ ကလေးများအား ဝိတ်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ပြုလုပ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ရပ်ကွက်များ အတွင်းရှိလမ်းများအလိုက် ကျန်းမာရေး စစ်ဆေးပေး ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပြည်သူများအား ရောဂါပြန့်နှံ့မှုမရှိစေရေးအတွက်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု ဖြင့် အမှတ်(၉) ရပ်ကွက်၊  အမှတ်(၁၃၃)ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်များအတွင်းရှိ လမ်းများအလိုက် ကျန်းမာရေး စစ်ဆေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက်  ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် World Concern နှင့် Lift Donor တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်ရေး တစ်အိမ်တက်ဆင်း ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် မြို့သစ်ရပ်ကွက်၌ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကျန်းမာ ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီးကမ်းပြိုမှုကြောင့် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ 

ပုဂံ-ညောင်ဦးမြို့၌ Hotel Quarantine ထားရှိမည့် ဟိုတယ်များအား ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

Hotel Quarantine ထားရှိမည့် ဟိုတယ်များအား ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ / မရှိကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့၌ ယမန်နေ့ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ဓမ္မစကူးလ်ကျောင်းများ စုပေါင်း၍ ပြည်သူများအား Mask (၇၅၀၀) အခမဲ့ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ဓမ္မစကူးလ်ကျောင်းများ စုပေါင်း၍ ကိုဗစ်− ၁၉ ရောဂါမဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဗိုလ်တေဇလမ်း ရန်နိုင်တံတားထိပ်တွင် ပြည်သူများအား နှာခေါင်းစည်း (၇၅၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်နေ ပြည်သူများအား

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးသန့်ထုတ် ( ၄၂၀) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ မိုးစပါးမျိုးသန့်ထုတ် (RS to CS) ၄၂၀ ဧကကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လကစတင်၍စိုက်ပျိုးလျက် ရှိရာ ယခုအခါတွင် မိုးစပါး မျိုးသန့်ထုတ်ဧက အားလုံးစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
Subscribe to