ညောင်ရွှေ ဩဂုတ် ၃
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဒေသတွင်းရှိကျေးလက်ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဩဂုတ်(၃)ရက်နေ့တွင် ရေပယ်(ထက်)-ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းလုပ်ငန်းလုပ်ငန်းစတင်ဆောင်ရွက်နေမှုအား ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးညွှန့်ဝင်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ဘဏ္ဍရေးနှစ် ရှမ်းပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၁၂၀.၉၄၅)သန်းဖြင့်အကုန်အကျခံဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းအရှည်(၀/၄)မိုင်ရှိ၍ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသအတွင်းရှိကျေးရွာ(၁၁)ရွာ အိမ်ခြေ(၁၅၈)အိမ် လူဦးရေ(၄၆၉၂)ဦးတို့အ တွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း အဆိုပါလမ်းပိုင်းတွင်အရှည်ပေ(၂၀)ရှိ သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ပြီးစီးခဲ့ပြီးဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရှိရသည်။
စိုင်းအယ်ဘဲ