သဲကုန်း သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပလုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရေး စသည်တို့ကိုရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြို့ပင်သာလေးကျေးရွာရှိ အ.မ.က ကြို့ပင်သာလေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ကလေးလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အသက်အရွယ်အပိုင်းအခြားနှင့် အလုပ်အချိန်ကန့်သတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေများ စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)