ငွေဆောင် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသည့် ဒေသများမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အ.ထ.ကငွေဆောင် Facility Quarantine Center တွင် (၁၄)ရက်ထားရှိခြင်းနှင့် သတ်မှတ်ရက် ပြည့်မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.ကငွေဆောင်ကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီထိ Quarantine ဝင်ရောက်နေသူ (၂၄) ဦးရှိပြီး အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ရှောက်ချောင်းကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော် ထံမှသိရသည်။
မူမူသွင်(ပြန်/ဆက်)