၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား၊ကျောင်းသူများ၊ ထူးချွန်သင်ဆရာ၊ဆရာမများ၊ အောင်ချက်ကောင်းသောကျောင်း၊ မြို့နယ်နှင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား၊ကျောင်းသူများ၊ ထူးချွန်သင်ဆရာ၊ဆရာမများ၊ အောင်ချက်ကောင်း သောကျောင်း၊ မြို့နယ်နှင့် လူရည်ချွန် များအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မြန်အောင်မြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စု ( ၂၈၈၅၉ ) စုတို့ အတွက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရကထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော မြို့နယ်(၁၇)မြို့နယ်တွင် ထင်းသုံးစွဲမှုလျော့ချရေး ထင်းအစားအခြား လောင်စာသုံးစွဲရေး စံပြကျေးရွာ (၁၇)ရွာ တည်ထောင်လုပ်ဆောင်မည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ် (၁၇)မြို့နယ်တွင် ထင်းသုံးစွဲမှုလျော့ချနိုင်ရေး ကျေးရွာ(၁၇)ရွာအား ထင်းအစား အခြား လောင်စာသုံးစွဲရေး စံပြကျေးရွာများအဖြစ် တည်ထောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှ သိရသည်။

ပင်လောင်းမြို့တွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ လမ်း၊ တံတား၊ ရေပေးရေး ငွေလုံးငွေရင်းလုပ်ငန်းနှင့်ငွေလုံး(မွမ်းမံ)လုပ်ငန်း ဆောင်ရွက်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်း၊ တံတား၊ ရေပေးရေး ငွေလုံးငွေရင်းလုပ်ငန်းနှင့် ငွေလုံး(မွမ်းမံ)လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၊ ဖားစမ်းကန်ကျေးရွာရှိ မိုးစပါးရတနာတိုး မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သဲကုန်းမြို့နယ် ဖားစမ်းကန်ကျေးရွာတွင် CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မိုးစပါးရတနာတိုး မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ငဖဲမြို့နယ်၌ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိ မဲရုံများ၌လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပခဲ့သည်။

ရွှေကူမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေး−ရွှေကူ−ဗန်းမော် ပြေးဆွဲလျှက်ရှိသော ၆ ဘီး ကုန်တင်ယာဉ်(၂)စီးမှ ယာဉ်မောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ်နေသူနှင့် မဟာအောင်မြေမြို့နယ်နေသူ အမျိုးသား(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင် Myanmar Rescue Kyaukse အသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများစဉ်ဆက်မပျက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အလှူရှင်များမှ ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံ​ငွေစီမံကိန်း (VRFP)ဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင်များ အဆင်ပြေစေရန် ကျေးရွာ (၉) ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ ပန်းခူးကျေးရွာတွင်(Type-2)ငွေကျပ် သိန်း(၂၀၀)ဖြင့်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စာရင်းဇယားများအား ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ​ကိုပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ခဲ့‌ကြကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့၌ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Subscribe to