ငါန်းဇွန်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ များရွေးချယ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် လက်၀ယ်အ ရောက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ် ထောက်ပံ့ငွေများ ထပ်မံ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်တို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအားလိုက်နာရန်ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရန် အတွက် ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။​

ပျော်ဘွယ်မြို့ရှိ ပြည်သူ့စျေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါး ပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ရှိစျေးဆိုင်များ(၃)ရက်ပိတ်သိမ်း

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေများကြောင့် ပြည်သူ့စျေးတွင် အခြေခံ စားသောက်ကုန်များနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ရှိစျေးဆိုင်များအား (၃)ရက် ပိတ်သိမ်းခြင်းကို ယနေ့မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်ပန်းတိမ်တောင်ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများထောက်ပံ့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပန်းတိမ်တောင် ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၁)စုအတွက် ထောက်ပံ့ငွေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့က ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက် ရှိကြောင်းသိရသည်။

မြစ်သား၌ အသက် ၁၀ နှစ်အောက်ကလေးသူငယ်များအား နို့အာဟာရတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေး အဖြစ် နွားနို့တိုက်ကျွေးခြင်းအစီအစဉ်အဖြစ် နို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့နယ် အတွင်းရှိ နေရှင်နယ် ပရဟိတဂေဟာနှင့် ပေတောပရဟိတဂေဟာများသို သွား​ရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို အထက(ရပ်စောက်)ဘက်စုံသုံးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီအချိန် က ကျင်းပခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး ရပ်ကွက်ရှိ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (ရွာသာကြီး)တွင်လုပ်ငန်းများပြန်လည် ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်များ နှင့်အညီဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စိစစ်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါခေါ် ယူမှုနှင့် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားကို မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပ ပြုလုပ် သည်။

ကာမိုင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထု အကြိမ်မြောက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့‌ငွေပေးအပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ် ထောင် စုလျှင် ငွေကျပ်လေးသောင်းစီကို နိုဝင်ဘာ(၁၃)ရက် နံနက်(၉)နာရီက အိမ်‌တိုင်ရာ ရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to