ထန်းတပင်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယနေ့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ဆက်လက်၍ပေးအပ်လျက်ရှိကြောင်းသိရသည်။