ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်းနှင့် လှူဒါန်းသောအလှူငွေများဖြင့်ဝယ်ယူထားသောကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြု ရန်အတွက် စေတနာရှင် အလှူရှင်များက ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းခြင်းနှင့် လှူဒါန်းသောအလှူငွေများဖြင့်ဝယ်ယူထားသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။