ရန်ကုန် နိုဝင်ဘာလ ၂၀
ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာ ရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face shield Campaign) အားယနေ့ နံနက်၈ နာရီက ရန်ကုန်အနောကိပိုင်းခရိုင်၊ လှိုင်မြို့နယ် လှိုင်ရတနာစျေးကြီးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
၎င်းလှုပ်ရှားမှုကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက်ပြည်သူလူထုက ကာကွယ်ရေး နည်းလမ်းများကို ပိုမို အလေးပေးဂရုစိုက်ပြီးအလေ့အကျင့်မှ အလေ့ အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေး များပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် ဈေးများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
၎င်းလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ် ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိ သည့် ဌာနဆိုင်ရာများအားလုံးနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်နှင့်စျေးဝယ်များအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၃၀၀၀)နှင့် မျက်နှာအကာ (Face Shield) (၃၀၀၀) ဝေငှပေးခြင်း၊လက်ကမ်းစာစောင် (၁၀၀၀)အားဖြန့်ဝေအသိပညာပေးခြင်းနှင့်အများလိုက်နာရမည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ အမူအကျင့်ကောင်းများကိုလက်ကိုင် စပီ ကာများဖြင့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
အလားတူလှုပ်ရှားမှုများကိုရန်ကုန်မြို့ အတွင်းရှိဈေးပေါင်း (၁၈၀) ခန့်တွင် ပြည်သူလူ ထုအတွင်းအမူအကျင့်ကောင်းများအလေ့အထ ဖြစ်လာသည်အထိဆက်လက်အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)