မတူပီ နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့ အလကအရှေ့ ခိုဘွေကျောင်းတွင် Facility Quarantine ဝင်နေသူ အမျိုးသမီးတစ်ဦးသည် (၁၉.၁၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ရောက်ရှိလာခဲ့ပြီး RDT TEST KIT ဖြင့်စစ်ဆေးခဲ့ရာ positive တွေ့ရှိသဖြင့် Joseph Oxygen ပရဟိတ ကားဖြင့် မတူပီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ Isolation Ward တွင်ထားရှိပြီး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာသည် အသက်(၂၀)နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး မတူပီမြို့လောင်ဗန်း ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ မတူပီမြို့ Quarantine Center များတွင် Facility Quarantine ဝင်နေသူစုစုပေါင်း (၆၁) ဦးရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)