ကျောက်တလုံးကြီး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်တွင် ဆောက်လုပ်ပြီးစီးသော (၁၆)ကုတင်ဆန့် တိုက်နယ်ပြည်သူ့ဆေးရုံတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီခန့် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ရှမ်းပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၁၂၀၀) ပေ၊ ၁၁/၀.၄ကေဗွီ၊ (၁၆၀)ကေဗွီအေထရန်စဖော်မာ ခွဲရုံ(၁)နှင့် ၄၀၀ဗို့အားလိုင်း (၁၀၀၀)ပေတည်ဆောက်ခြင်း လုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျောက်တလုံးကြီးမြို့၊ လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးဦး၊ လုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC)နှင့် လျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသော ကုမ္မဏီမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မကြာမီဓာတ်အားသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)