(၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

ဟားခါး ‌       နိုဝင်ဘာ          ၂၀

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် ပေးကြသည့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် NGO,INGO အဖွဲ့အစည်းများအား အထူးကျေးဇူးတင် ရှိကြောင်းနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုဂရုပြု ဆောင်ရွက်ပေးကြရန်များ၊ ပြည်သူအားလုံး ပူးပေါင်းပါဝင် လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကလေးငယ်များအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်း ဆောင်ရွက်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများကို ကလေးငယ်များအား ပေးအပ် ခဲ့ကြပြီး နောက် ကလေးငယ်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လူမှုဝရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများ၊ ကလေးငယ်များက “ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့” ဆောင်ပုဒ်ကပ်ထားသည့် White Board ​ပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ခွီရှိန်း