တ​ကောင်း​ဒေသတွင် မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၉)နောင်လုံကွင်း၊ ဦးပိုင်အ မှတ် ၂၁ တောင်သူဦးသိန်းနိုင်၏ မိုးစပါး စိုက်ခင်း အတွင်းစံ ကွက်ရိတ်သိမ်းခြင်းကို ယမန်​နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးနိုင်သောင်းနှင့်ဝန်ထမ်းများ၊ တကောင်းမြို့လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ဖုန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြ သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စိမ့်စမ်းရေရရှိရေး လုပ်ငန်းများနှင့် ရေပိုက် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် နေရာအားကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၃၀.၄၂) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန် က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် နှာခေါင်းစည်းမပါသည့် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား အခုဝယ်၊အခုတပ်စနစ်ဖြင့် ပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အေးမြကြည်လင်ဈေးတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်းမပါသည့် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင်(၂၀၀) ကျပ်ဖြင့် အခုဝယ်၊ အခုတပ် စနစ်ဖြင့် ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့နံနက် ၁၀ နာရီအချိန် က ဗိုလ်ချုပ်လမ်း မြို့နယ်အရန်မီးသတ်ရှေ့၌ အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာ နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ စားသောက်ဆို‌င်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၁ဝ နာရီမှ ကွင်းဆင်း စစ်ဆေးသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်၀စေမည့် စားသုံး သီးနှံ ထုတ်လုပ်နိုင်ရေး တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်၀စေမည့် စားသုံးသီးနှံ ထုတ်လုပ်နိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးခြင်းကို နို၀င်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီ အချိန်က ခင်မွန်စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေး ၆ မြို့နယ်အတွင်းရှိ Quarantine Center များမှ ထွက်ရှိသော စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈ တန် အထိရှိလာ

ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများလာသည်နှင့်အမျှ မန္တလေးမြို့ ၆ မြို့နယ်အတွင်း Quarantine Centerများကိုလည်း တိုးချဲ့ထားရှိလာသည့် အတွက် စင်တာများမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈တန်ရှိလာသည့်အတွက် BIOHAZARD သီးသန့်ယာဉ် ထပ်မံဖြည့်ဆည်း ထားကာ နံနက် ၆နာရီခွဲမှ စတင်လှည့်လည် သိမ်းဆည်း၍ တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက်ပေးလျက်ရှိကြောင်း BIOHAZARD Waste သိမ်းဆည်းခြင်းကို ၆ မြို့နယ်ကြီးကြပ် ဆောင် ရွက်နေသူ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးဇေယျာငြိမ်းထံမှ သိရသည်။

ရွာငံမြို့နယ်တွင် အလှူငွေနှင့် ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာနှင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် KBZ ဘဏ် မိသားစုမှ ဦးဆောင်၍ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ အလှူငွေနှင့် ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ် ပြည်သူ့ဆေးရုံ၊ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to