မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Book Club၊ Women Club နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဆောင်းကြက်သွန်နီကို တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးလာ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်နီကို ပျိုးထောင်ပြီး ဘောင်တင်ရေသွင်း စိုက်ပျိုးရာမှ တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်ဖြင့် စတင်စိုက်ပျိုးလာကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့တွင်းလှည့်လည် ဆော်သြဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့တွင်းလှည့်လည်ဆော်သြခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ညနေ (၄)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များ အသိပညာပေးနံရံကပ် စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှိုးဆော်ချက်များ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ ၁နာရီက ပြသခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် (Facility Quarantine) မှ ပိုးတွေ့လူနာနှင့် ထိတွေ့သူ (၃၅) ဦး၊ Hotel Quarantine မှ (၁) ဦး၊ ရန်ကုန်ပြန်(၁)ဦးနှင့် ပြည်ပပြန်(၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် Facility Quarantine မှ ပိုးတွေ့လူနာနှင့် ထိတွေ့သူ(၃၅)ဦး၊ Hotel Quarantine မှ(၁)ဦး၊ ရန်ကုန်ပြန်(၁)ဦးနှင့် ပြည်ပပြန် (၁) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ယနေ့ နံနက်(၁၀) နာရီက ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ

ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အမှတ်(၁၂၄) ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဝေလင်းနိုင်နှင့် ကျောက်မဲ၊ သီပေါ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ သီပေါမြို့နယ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ၊ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ဗိုလ်ချုပ်လမ်းနှင့် မိုင်းပွန်လမ်းထောင့် မီးပွိုင့်နှင့် စာတိုက်ထောင့်တို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့တွင် လျှပ်စစ်သံဂဟေဆက်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ အဆိုပါဦးစီးဌာန၌ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် နွေစပါးဆင်းသုခ (RS to CS ) ပျိုးသက်နု ကောက်ကွက်ကြဲ၏ (SRI) စနစ်ဖြင့် ပျိုးထောင်ခြင်းအား လက်တွေ့ သရုပ်ပြဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ညောင်ပင်သာ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဒုလက်ထောက်ဦးစီးမှူး ဒေါ်မြတ်နိုးဆွေ၊

ဘောဂလိမြို့ အမှတ်(၁)ရပ်ကွက် ဖူးဖိုးသောလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံး ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်း ၊အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
Subscribe to