ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးစပါး စံကွက်ရိတ်သိမ်းနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများပူပေါင်း၍ ကက်သာကျေးရွာ၊ ကွင်းအမှတ်-၁၃၄၊ နောင်ပေတင်ကွင်း၊ ဦးပိုင် အမှတ်( ၇၃)၊ တောင်သူ ဦးဘကြည် လယ်ဆင်းဧကရီ -၃၊ မိုးစပါး စိုက်ခင်းတွင် (ဝဒသမ၁၀)ဧက စံကွက်၊ ၆ဒသမ၆ပေ စံကွက်ရိတ် သိမ်းသရုပ်ပြပွဲ ကိုယမန်နေ့ နံနက်(၁၀)နာရီခွဲက အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။