ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဝေါလေမြိုင် နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာ နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် နာရီက ဝေါလေမြိုင်မြို့၊ အမှတ်()ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ အမှတ်()ရပ်ကွက်ရှိ၊ လမ်းဆုံလမ်းခွများ၌ ပြည်သူများအနေဖြင့် မလိုအပ်ပဲပြင်ပသို့ ထွက်ခွာခြင်းမပြုလုပ်ရန်၊ အပြင်သို့ထွက်ခွာလျှင် နှာခေါင်းစည်းများတပ်ဆင်ရန်နှင့် အိမ်ရောက်လျှင် လက်ကိုစနစ်တကျဆေးရန်စသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အခြေခံအချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)