ကျောက်ဆည် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အေးမြကြည်လင်ဈေးတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်းမပါသည့် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင်(၂၀၀) ကျပ်ဖြင့် အခုဝယ်၊ အခုတပ် စနစ်ဖြင့် ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးတာဝန်ခံ ဦးလှိုင်ဝင်းဆွေနှင့်တာဝန်ရှိသူများက ဈေးအတွင်းသို့ လှည်လည့််၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ရေး နည့်လမ်းများ အား ဈေးရောင်း၊ဈေးဝယ်ပြည်သူများ သိရှိလိုက်နာစေရေး ရှင်းလင်းပြောကြား ခြင်းများ ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းမပါသည့် ပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချကာ အခုဝယ်၊ အခုတပ် စနစ်ဖြင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးမြကြည်လင်ဈေးတွင် ပွဲရုံပေါင်း(၇)ရုံ၊အခန်းပေါင်း(၄၂)ခန်း၊ တိုက်ခန်း(၈)ခန်း၌အခန်းပေါင်း (၂၃၆)ခန်း၊ သားငါးရုံ(၃)ရုံ၊ အခန်းပေါင်း(၆၀)ခန်း၊ ကုန်ခြောက်ရုံ(၉)ရုံ၊ အခန်းပေါင်း(၁၀၀)ခန်း၊ ကုန်စိမ်းရုံ၊ (၂၁)ရုံ၊ အခန်းပေါင်း(၄၆၀)ခန်း၊ အထည်ရုံ(၁)ရုံ၊ အခန်းပေါင်း(၂၀)ခန်း၊ စုစုပေါင်းကုန်ရုံ(၄၉)ရုံ၊ ဆိုင်ခန်းပေါင်း (၉၉၈) ခန်း နှင့် ပျံကျဈေးသည်(၅၀၀)ဦးခန့် ဈေးများရောင်းချလျက်ရှိကြောင်းဈေးတာဝန်ခံ ဦးလှိုင်ဝင်းဆွေက ပြော ပြ၍ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)