မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် ထန်တလန်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေး ၊ မြို့မစျေးရှေ့တွင် စျေးသည် စျေးဝယ်များနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့လိုက်လံဖြန့်ဝေကာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပေါ့စတစ် (၂)ဦးထပ်မံတွေ့ရှိ

လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ် CBFQ, Home Quarantine, Hotel Quarantine ထားရှိသူ (၁၅၈)ဦးတို့အား နိုဝင်ဘာ(၂၀)ရက်နေ့ က မိုးကုတ်ဝိပဿနာ၌ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန က နှာခေါင်းနှင့်အာခေါင်တို့ဖတ်များ ယူခဲ့ပြီးနောက် ကမ္ဘောဇနာရေးလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ နိုဝင်ဘာ(၂၁)ရက်နေ့အထိ (၅၀)ဦး၏ စစ်ဆေးချက်အဖြေများရရှိခဲ့ပြီး ကိုဗစ်-၁၉ ပေါ့စတစ်လူနာ (၁)ဦးတွေ့ရှိခဲ့ရကြောင်း သိရသည်။

တနင်္သာရီ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် ကာကွယ်ရေးနည်းလမ်းများ အသိပေးလှုံ့ဆော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကာကွယ် ထိန်းချုပ်ရေးအတွက် ဒေသခံ ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရမည့် ကာကွယ်ရေး နည်းလမ်းများကို ယနေ့ နံနက်ပိုင်းက လူစည်ကား ရာဈေးများ၊ လူအသွားအလာများသော နေရာများတွင် Hand Speaker စက်ဖြင့် လှုံ့ဆော်ပေးလျက်ရှိသည်။

တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်စားဝန်ထမ်းများအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း များအား ပင်စင်လစာထုတ်ပေးခြင်းကို ယ‌နေ့နံနက် (၇) နာရီအချိန်မှ စတင်ထုတ်ပေး လျက်ရှိသည်။

မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးသို့ ညစာအာဟာရဒါန ထမင်းဗူး (၁၀၀၀)အား We Love  Yangon -North Okkalapa  ပရဟိတအဖွဲ့မှ သွားရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိချိန်၌ မီးဘေးအန္တရာယ် ကာကွယ် နိုင်စေရန်အတွက် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များကို မြို့နယ်အတွင်း လှည့်လည် နှိုးဆော်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအား လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့ည (၇)နာရီမှစတင်ကာ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းလှည့်လည်ကြေညာ ပေးလျက်ရှိကြောင်းသိရသည်။

“ASEAN CARE” အစီအစဉ်ဖြင့် တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံရလွယ်သူများနှင့် အကူအညီလိုအပ်နေသူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့

“ASEAN CARE” အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ မိုင်းပွန်စသည့်မြို့နယ်များမှ ရပ်ကွက်များနှင့်ကျေးရွာများရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေး အသင်း အတွင်းရေးမှူး ဒေါ်ရီသိန်း ဦးဆောင်သော အဖွဲ့သည် ယမန်နေ့နံနက် (၉)နာရီအချိန် က တောင်ကြီးမြို့၊ ချမ်းမြသာစည်နှင့် ရွှေတောင်ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေး၊ လက်ဆေးဆပ်ပြာရည်၊ လက်သန့်ဆေးရည်များကို (၂)ရပ်ကွက်ပေါင်း အိမ်ထောင်စု (၃၆)စုတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ Social Distancing နှင့် အညီ ပင်စင်လစာငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် မြို့တွင်းလမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး တို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့ပေါ်ရပ်ကွက် နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၂၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက မြို့တွင်းရှိ လမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများနှင့် မျက်နှာကာများ တပ်ဆင် စေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးအတွင်း ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
Subscribe to