တကောင်း နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၉)နောင်လုံကွင်း၊ ဦးပိုင်အ မှတ် ၂၁ တောင်သူဦးသိန်းနိုင်၏ မိုးစပါး စိုက်ခင်း အတွင်းစံ ကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးနိုင်သောင်းနှင့်ဝန်ထမ်းများ၊ တကောင်းမြို့လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ဖုန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြ သည်။
ထို့နောက် ဧရိယာ (၄.၉၈)ဧက ရှိ တောင်သူ ဦးသိန်းနိုင်၏ မိုးစံ ပါးစံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး(၇၈.၂၆) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ကိုကိုအောင် (တကောင်း)