ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှောက်ချောင်း၌ မိုးရာသီကျောင်းကောင်စီ ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှောက်ချောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၏ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။