သထုံမြို့နယ် ကတိုက်ကြီးကျေးရွာ၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများအသိပညာတိုးပွားစေရန်ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က ကတိုက်ကြီးကျေးရွာ ကျေးလက်ကျန်းမာ‌ရေးဌာန၌ ပြုလုပ်ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန် ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေး

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်း၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်လုပ်ငန်းရှင်များ (၁၁၀)ဦးတို့အား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုခန်း၌ လူငယ်ဆိုင်ရာဆွေးနွေးပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဆိုင်ရာဆွေးနွေးပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်လွဲပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

အိမ်မဲမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Visoin (Einme)တို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနား (ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်) အား မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား ကျင်းပ

၂၀၂၅-ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်လူငယ်များနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပသည်။

အ.ထ.က(ပုံပါကျင်)ကျောင်း၌  ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၅-၂၀၂၆ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပုံပါကျင်)သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သုံးခွမြို့နယ်တွင် ရွေး​ကောက်​ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကိုအခြေခံပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to