မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မင်းလှ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာ တို့ကာကွယ်” (သို့မဟုတ်) “သန့်ရှင်းသာယာကျောင်းတခွင်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “ကျန်းမာရေးအဆင့်မြှင့်ဖို့ကွယ် တို့တွေပူးပေါင်းဆောင်ရွက်မယ်” (သို့မဟုတ်) “ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာတို့ကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဩဂုတ်(၁၅)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)