ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ အများပြည်သူ အသုံးပြုသည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးတိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။