ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား ကျင်းပ

ညောင်ရွှေ ဩဂုတ် ၁၂

၂၀၂၅-ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်လူငယ်များနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ဇင်မာတင်ထွန်းက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ထွန်းဦးက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားနှင့် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာလူငယ်များအနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ