အိမ်မဲမြို့ အ.ထ.က (၁) ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ ရွှေညီလာခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ဒုတိယပိုင်းအစီအစဥ်အဖြစ် လူငယ်စကားဝိုင်းကို ယနေ့မွန့်းတည့် ၁၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ် ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

စစ်ကိုင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

၂၀၂၅-၂၀၂၆   ဘဏ္ဍာရေးနှစ်   တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်    အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ    ဖန်တီးပေးနိုင်ရေးနှင့်  ကျေးလတ်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက်  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍  တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက ခါမင်းဝဲတောင်ကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လူငယ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

 “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လူငယ်စွမ်းရည် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ မိခင်နို့စနစ်တကျတိုက် ကျွေးရေး ရက်သတ္တပတ်အခမ်းအနားပြုလုပ်

မြောက်ဥက္ကလာပမြို့နယ်၌ မိခင်နို့စနစ်တကျတိုက် ကျွေးရေး ရက်သတ္တပတ်အခမ်းအနားပြုလုပ် မြောက်ဥက္ကလာပ ဩဂုတ် ၁၂ သက်လွင်စိုး(ပြန်/ဆက်)

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံ စိုက်က (၈) ဧကတို့အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံစိုက် ဧက (၈) ဧကအတွက် မြင်းရွာကြီးအုပ်စု၊ လက်ပံဆိပ်အုပ်စုနှင့် အုံးကုံးမိုင်းလမ်းအုပ်စုတို့ရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း အစီအစဉ် ကျင်းပ

တိုက်ကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း အစီအစဉ် ကျင်းပ တိုက်ကြီး ဩဂုတ် ၁၁ ဝတ်ရည်(ပြန်/ဆက်)

ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Subscribe to