ကျိုက်ဒုံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေး ဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃.၂၄၀) ကျပ်သန်း ဖြင့် ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းဘေးက ကွန်ကရစ် လမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းဘေးထိုးချဲ့ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ လမ်းပေအရှည် ၃၆၀ ပေ၊ အကျယ် ၅ ပေ၊ ၆ လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ယုဇနလမ်းလမ်းအား စည်ပင်သာယာရေးဦးစီးဌာနမှ (၂၀၁၆-၂၀၁၇) ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ဘတ်ဂျက် ငွေလုံးငွေရင် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး၊ စတင်ဆောင်ရွက်ရာတွင် လမ်းပေရှည် ၃၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ၆ လက်မထုရှိပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို ပြန်လည်တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)