သီပေါမြို့နယ် မြို့မစျေးကြီးတွင် ရောင်းချသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး


သီပေါ နိုဝင်ဘာ ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့မစျေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ  ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ပူးပေါင်းစစ်ဆေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့်  ကျန်းမာရေးဦးစီးဌာန အစရှိသည့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့တို့ သည်   မြို့မစျေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်းများတွင်  စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထား သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ တစ်ခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီကပြောကြားခဲ့သည်။


ခင်လေး(သီပေါ၊ပြန်/ဆက်)