ဓနုဖြူ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် ယနေ့ နံနက် (၀ဝး၂၅) နာရီခန့် က မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျလမ်းနေ ဦးမျိုးလွင်၏နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ အိမ်အကာဝါးထရံ သို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၂၈×၁၂)ပေ သွပ်မိုး၊ ဝါးထံရံ/သွပ်ကာ၊ ပျင်ခင်း နှစ်ထပ်လူနေအိမ် နှင့် မီးကူးစက်ခံရသော ဦးစိုးသန်း၏ (၁၃×၂၃)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး၊ ဒေါ်ခင်မာချို ၏ (၁၅×၂၆)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး၊ ဦးချမ်းသာ၏ (၁၃×၁၇)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ပျင်ခင်း လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင် ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၀ဝး၄၅ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)