ထားဝယ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ သပြေချောင်း တပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာ ထားသော အစားအသောက်/ အလှကုန်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များက သပြေချောင်း တပ်ပြင်စျေးရှိ အစားအသောက်နမူနာ (၁၄) မျိုးအား ဓါတ်ခွဲနမူနာ ဝယ်ယူခဲ့ပြီး ၉ မျိုးအား ရွေ့လျားဓာတ်ခွဲယာဉ်တွင် rapid test kit များဖြင့်စမ်းသပ်စစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်း မရှိကြောင်း၊ ကျန်နမူနာ ၅ မျိုးအား colour test စစ်ဆေးသွားမည် ဖြစ်သည်။
ဆက်လက်၍ကော်မတီအဖွဲ့ဝင်များ ကစျေးဆိုင်(၃၀)ဆိုင်နှင့်အလှကုန် (၃)ဆိုင်တွင်စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးရန်မသင့် တွေ့ရှိရသော ဆိုင်(၁) ဆိုင်မှ ကြက်ဖ ငရုတ်ဆီ(၆) ဘူးနှင့် အလှကုန်ဆိုင်မှ တားမြစ်အလှကုန် ၁ မျိုး၊ အရေအတွက် ၃ ဘူး တွေ့ရသောဆိုင်များ တွင် သိမ်းဆည်းခဲ့ပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။
၎င်းနောက် အစားအသောက်ရောင်းချသူများအား အစားအသောက်များတွင် အသုံးမပြုသင့်သော ခွင့်မပြုဆိုးဆေး၊ ခွင့်မပြု အစားအသောက်ထပ် ဖြည့် ပစ္စည်းများနှင့်ပတ်သက်၍ စျေးများတွင် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)