တီးတိန် နိုဝင်ဘာ ၂၇
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case -72460 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းပိုးတွေ့လူနာသည် တီးတိန်မြို့နယ်၊ လိုင်လိုးကျေးရွာနေ အသက် (၁၇)နှစ်အရွယ် အမျိုးသားဖြစ်သည်။
တီးတိန်ပြည်သူ့ဆေးရုံ၌ ယခု လတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ (၁) ဦး ဆေးကုသမှု ခံယူဆဲဖြစ်ကြောင်း၊ ၎င်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)