ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Quaratine ဝင်နေသည့် ယာဉ်နောက်လိုက် တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဖလမ်း           နိုဝင်ဘာ        ၂၇

ကလေးမြို့မှ ဖလမ်းမြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးသည် ယာဉ်မောင်းတွင် ရောဂါပိုး တွေ့ရှိခြင်းကြောင့် ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ အသွားအလာကန့်သတ်နေစဉ် ယမန်နေ့က ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ကလေးမြို့မှ ဖလမ်းမြို့၊ ဆူရ်ဘုန်လေယာဉ်အနီး ဂေါက်ကွင်းဆောက်လုပ်ရေးအတွက် ဘိလပ်မြေနှင့် အုတ်ခဲများ တင်ဆောင်ကာ နိုဝင်ဘာ ၁၉ ရက်နေ့က မောင်းနှင်လာသည် မော်တော်ယာဉ်သည် ဖလမ်းမြို့ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်းတစ်ဦးတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါယာဉ်မောင်း၏ ယာဉ်နောက်လိုက်တွင် ရောဂါပိုး တွေ့ရှိခြင်းမရှိဘဲ ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်စဉ် နိုဝင်ဘာ ၂၆ ရက်က ဒုတိယအကြိမ်ပြန်လည်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်နောက်လိုက် ပိုးတွေ့လူနာသည် ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ဆေးကုသမှုခံယူ လျက်ရှိကြောင်းနှင့် အဆိုပါယာဉ်နောက်လိုက်သည် ကလေးမြို့၊ မွန်လိုင်ရပ်ကွက်နေ အသက်(၂၀)အရွယ်ရှိအမျိုးသားဖြစ်ကြောင်း သိရသည်။

ဂျွန်