ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်  စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင် ရွက်

ကမာရွတ်  ဒီဇင်ဘာ  ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း တပ်ဆင်ရေးနှင့် ပြည်သူများအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အရေးကြီး ကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းနှင့်  အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၌ သွားလာနေသော ယာဉ်များ အား မိသားစုကျန်းမာရေး၊ စားသောက်ရေး စျေးဝယ်ခြင်းကိစ္စများစသည့်  အရေး ကြီးကိစ္စမှ အပ မလိုအပ်ဘဲ ယာဥ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမရှိစေရေး စစ်ဆေး ခြင်း၊ နှာခေါင်းစည်းမတပ်ဘဲ မောင်းနှင်ခြင်း နှင့် စီးနင်းလိုက်ပါခြင်းများအပြင် သတ်မှတ် ထားသော လူဦးရေထက်ပို၍ စီးနှင်းလိုက်ပါလာသော ယာဉ်များအား စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)